top of page
283F713E-35B2-47DE-ACA6-F9A49FF739D3_edited.jpg

Ko Phyo OFP Individual Fundraiser

CRPH-OFPမှ အသိအမှတ်ပြုထားသော Fundraiser ဖြစ်ပါသည်။

Home: Welcome
319336860_637348401503764_1391240654648686663_n.jpg

ရှေ့တန်းစစ်မြေပြင်မှာ အသက်စွန့်ပြီးရဲရဲဝံ့ဝံ့နဲ့ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ PDFရဲဘော်တွေရဲ့ တပ်ရင်း/တပ်ဖွဲ့တွေဆီကို ထောက်ပို့ငွေတွေ မြန်မြန်ဆန်ဆန် နဲ့ တိတိကျကျ တိုက်ရိုက်ရောက်ရှိနိုင်အောင် လကုန်တဲအခါ စာရင်းချုပ်ပြီးတာနဲ့ အမြန်ဆုံးပို့ဆောင်၊ အမြန်ဆုံး စာရင်းအတိအကျထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်။


🚩 ထောက်ပို့မိသားစုတို့ရဲ့ လစဉ်ပါဝင်ကူညီမှုတွေက မြေပြင်တပ်ရင်း/တပ်ဖွဲ့တွေဆီ လစဉ်အလှည့်ကျ ရောက်ရှိသွားမှာပါ။ တစ်လချင်းအလိုက် ဒီလကတော့ ဘယ်တပ်ရင်း၊တပ်ဖွဲ့ကို ပို့မယ်ဆိုတာလည်း အသိပေးသွားမှာမို့ ကိုယ်ပို့မယ့်ထောက်ပို့ငွေက ဒီလတော့ 100%ဘယ်ကိုရောက်သွားတယ်ဆိုတာ အတိအကျသိရမှာဖြစ်ပါတယ်။ 


🚩 ပို့လိုက်တဲ့ တပ်ရင်း/တပ်ဖွဲ့ရဲ့ အသိအမှတ်ပြု ထောက်ပို့မိသားစုကတ်လေးလည်း ရရှိမှာဖြစ်ပါတယ်။

🚩 ထောက်ပို့ငွေအလေအလွင့်မရှိဘဲ စာရင်းအတိအကျ မြေပြင်ကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး ရောက်ရှိနိုင်တာမို့ ထောက်ပို့မိသားစုအဖြစ် ဆက်လက်ပြီး မပျက်မကွက်ပါဝင်ပေးကြပါအုံးနော်။ 

🚩🚩 မတ်လမှာ အမှတ်(၁)စစ်ဒေသ ကလေးခရိုင်၊ ကလေးPDF ကို ထောက်ပို့သွားမှာ ဖြစ်ပါတယ် 🚩🚩

IMG_5995_edited.jpg

နွေဦးအိပ်မက်

နွေဦးအိပ်မက်...

ဟန်နီနွေဦးရဲ့အိပ်မက်လေးပေါ့။

အခု မတ်လမှာ အားလုံးချစ်ကြတဲ့ ဟန်နီနွေဦးရဲ့မွေးနေ့လေးရှိတာကြောင့် မွေးနေ့အမှတ်တရ

ဟန်နီရှိတဲ့ ကျောင်းသားတပ်တော်အတွက် ကမ်ပိန်းလေးလုပ်တာပါတဲ့။

လက်မှတ်တစ်စောင်ကိုမှ မြန်မာငွေ ကျပ် ၁၀,၀၀၀တည်းနဲ့ ရောင်းချတာမို့ လက်မှတ်လေးတွေများများဝယ်ပြီး မွေးနေ့လက်ဆောင်အဖြစ်လည်း ပေးလို့ရမယ်၊ နွေဦးမှာ အိပ်မက်လှလှလေးတွေကိုလည်း နွေဦးနဲ့အတူမက်ခွင့်ရမှာကြောင့် တုံ့ဆိုင်းမနေဘဲ အခုပဲ လက်မှတ်လေးတွေ လာဝယ်တော့နော်။

လက်မှတ်ဝယ်တာကတော့ ဟုတ်ပါပြီ။

ဘာတွေပေးမှာလဲဆိုတော့

ဟန်နီနွေဦးကိုယ်တိုင် ထိုးထားတဲ့ မာဖလာလေးရယ်၊ ချစ်သုဝေထိုးထားတဲ့ Crochet လေးရယ်ကို အမှတ်တရ မဲဖောက်ပေးမှာပါတဲ့။

ကဲ... ဟန်နီ့ရဲ့အိပ်မက်ဖြစ်တဲ့ ကျောင်းသားတပ်တော်အတွက် လိုအပ်ချက်တွေ အတူဖြည့်ဆည်းကြစို့။

IMG_5941.png

နွေဦးစာပေဟောပြောပွဲ

လာမယ့် မတ်လ၂၃ရက်နေ့မှာ

စာရေးဆရာ မင်းဒင်၊ ဆရာအောင်ဝေး၊ ဆရာမ မသီတာ(စမ်းချောင်း) တို့ရဲ့ နွေဦးစာပေဟောပြောပွဲကို အတူနားထောင်ကြမယ်လေ။

Guest Speakerတွေအဖြစ် Dr.မီမီဝင်းဘတ် နဲ့ CDMဗိုလ်ကြီးထက်မြက်တို့ကလည်း အားဖြည့်ထားပါတယ်။

လက်မှတ်ရောင်းချရငွေတွေက ပြည်တွင်းကလိုအပ်တဲ့နေရာတွေဆီ ရောက်ရှိသွားမှာဖြစ်တော့ စာပေဟောပြောပွဲလည်း နားထောင်ခွင့်ရမယ်၊

လိုအပ်တဲ့နေရာတွေကိုလည်း ကူညီသူဖြစ်ခွင့်ရှိမယ့် ဒီအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူးလေနော်။

 မြန်မာကျပ်၊ NUGPay တို့အပြင် SDB အကောင့်ကနေလည်း

နိုင်ငံတကာငွေကြေးအမျိုးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။

IMG_6317.jpeg

လက်ပံပွင့်ချိန်

ရွှေဘို လို့ပြောလိုက်တာနဲ့

ချတယ်ဟ ဆော်တယ်ဟ နဲ့ ကျွန်တော်တို့ အားတက်ကြရတဲ့ ဒေသကြီးတစ်ခုပေါ့။

မြေပြင်မှာလည်း တစ်ကယ့်ကို အပွဲပွဲနွှဲပြီး

စစ်ကိုင်းတခွင် အညာဂွင်မှာ

အပြီဆွဲနေကြတဲ့ တပ်ရင်းတွေ။

အဲ့ဒီတပ်ရင်းတွေထဲကမှ

ရွှေဘိုအခြေစိုက် တပ်ရင်း(၁၇)အတွက်လည်း

လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ လက်ပံပွင့်ချိန်ကမ်ပိန်းကနေ

သိန်းတစ်ထောင်လောက် မျှော်မှန်းထားတာကြောင့်

တစ်ဦးတစ်ယောက်ချင်းကနေ တတ်နိုင်သလောက်လေး အားဖြည့်ပေးလိုက်မယ်ဆိုရင် အမြန်ပြည့်သွားမှာပါ။ 

IMG_5978.jpeg

ကလေး PDF

ကလေးခရိုင်ဆိုတာ မဟာဗျူဟာအရ အင်မတန်မှ အရေးကြီးတဲ့ဒေသတစ်ခုပါ။

စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်တို့အတွက် အရေးပါသလို ချင်းပြည်နယ်အဝင်အထွက်အတွက်လည်း အချက်အချာကျတဲ့ဒေသတစ်ခုဖြစ်နေပါတယ်။

ဒါ့ကြောင့် စကစဘက်ကလည်းအချက်အချာကျတဲ့ ကလေးလွင်ပြင်တစ်ခုလုံးလက်မလွှတ်ရအောင် ခုခံလျက်ရှိနေပါတယ်။

ဘယ်လိုပဲ သူတို့ခုခံနေနေ နယ်မြေစိုးမိုးမှုအနေအထားအရ

အခုအချိန်မှာ ကိုယ့်ဘက်ကအားသာနေပြီး ကလေးဒေသအတွင်းမှာ စကစရဲ့စခန်းတော်တော်များများကို ပိတ်ဆို့ချေမှုန်းထားပြီးဖြစ်ပါတယ်။ 

 စစ်မျက်နှာတွေအများကြီးရင်ဆိုင်နေရတဲ့ စကစကို အရှိန်အဟုန်နဲ့ တိုက်စစ်ဆင်ပြီး ဒေသတစ်ခုလုံးထိန်းချုပ်လွတ်မြောက်နိုင်ဖို့အတွက်

နောက်တန်းကကူညီထောက်ပံ့မှုကလည်း အင်မတန်မှအရေးကြီးတာကြောင့်

မြေပြင်မှာ ပွဲတွေဆက်တိုက်နွှဲနေတဲ့ ကလေးPDF အတွက် ထောက်ပို့ရဲဘော်အဖြစ် ပါဝင်ပေးနိုင်ပါတယ်။

IMG_6316.jpeg

နံ့သာမြိုင်

' မြိုင် ' တဲ့။
ချစ်စရာနာမည်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အညာမြေက ဒေသလေးတစ်ခုပေါ့။
ဒီကာလလေးမှာလည်း ချစ်စရာဒေသလေးက ချစ်ဖို့ကောင်းတဲ့ မြိုင်သူ/မြိုင်သားတွေဟာ
ကိုယ့်ဒေသ၊ကိုယ့်မြေမှာ အညာမြေအတွက်အောင်လံစိုက်ထူနိုင်ဖို့
သတ္တိရှိရှိနဲ့ ရွပ်ရွပ်ချွံချွံ စွန့်စားနေကြတာ အံ့မခန်းပါပဲ။
မြိုင်နယ်အတွင်းမှာ ရန်သူခေါင်းမဖော်နိုင်အောင်
တစ်ကယ့်ကို ပြောင်ပြောင်မြောက်မြောက်နဲ့ အောင်ပွဲယူနေကြတဲ့ ရဲဘော်တွေအတွက် အသက်ခန္ဓာလုံခြုံဖို့
ကျည်ကာအင်္ကျီတွေ၊ ကျည်ကာဦးထုပ်တွေ စတဲ့ ရဲဘော်တစ်ဦးစာ အကာအကွယ်အပြည့်စုံ ဆင်ပေးဖို့ လိုအပ်တာကြောင့် ရန်ပုံငွေရရှိဖို့ လိုအပ်လာပါတယ်။
ဘယ်လောက်ပဲ သတ္တိရှိတယ်ပြောပြော
ဆင်ကြယ်ဖိနပ်စီး၊ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး စွန့်စားနေကြရတဲ့
အညာသားရဲဘော်တွေအတွက် အသက်ကယ်ပစ္စည်းတွေ ကူညီထောက်ပံ့ရတာ မွန်လည်းမွန်မြတ်လှပါတယ်။
ဒါ့ကြောင့် မြိုင်နယ်အခြေစိုက် တပ်ရင်းတွေရဲ့
ရဲဘော်တွေအတွက် လိုအပ်နေတဲ့ အသက်ကယ်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ တတ်နိုင်သလောက်ပါဝင်အားဖြည့်ပေးဖို့အတွက်  " နံ့သာမြိုင် " မှာ ပါဝင်ကူညီပေးနိုင်ပါတယ်။

B41477B8-7614-4934-AFFE-15702BA74AD8.png

အောင်ပန်းဝေဝေ ငါန်းဇွန်းမြေ

မြေပြင်မှာ ပွဲဆက်တွေများနေတဲ့
ငါန်းဇွန် PDF အတွက် လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ အောင်ပန်းဝေဝေငါန်းဇွန်မြေ Projectမှာ ပါဝင်ထောက်ပို့ပေးနိုင်ပါတယ်။

0876EB3E-290B-4EC3-BFD3-5F0366F35F26_edited_edited_edited.jpg

နွေဦးထီ

ပထမ Jackpotဆုကြီးက ကျပ်သိန်း၅၀၀၀ ချီးမြင့်မှာဖြစ်ပြီး

အခြားဆုမဲပေါင်းများစွာ ကံထူးနိုင်မယ့် နွေဦးထီတစ်စောင်ကို မြန်မာကျပ်(၂,၀၀၀)ကျပ် ၊ U.S $1 ပါ။ အနည်းဆုံး(၅)စောင်တော့ ထိုးရပါမယ်။အမည်/Email ပို့ပေးရပါမယ်။ ထီလက်မှတ်တွေကို Email ပို့ပေးပါ့မယ်။

image0 (1).jpeg

EOD Shares

အစုရှယ်ယာ တစ်စုလျှင် USD 100 သတ်မှတ်ထားပြီး ရှယ်ယာဝယ်ယူမည့်သူသည် အမည် ၊ Email ၊ မွေးရက် ၊ မွေးလ၊ နိုင်ငံသား နှင့် မိမိ၏ မှတ်ပုံတင်အမှတ်(သို့)ID နံပါတ်အားကိုယ်စားလှယ်ထံ ပေးပို့ရန် လိုအပ်ပါသည်။


လတ်တလောတွင် ဝယ်ယူရမည့် အစုရှယ်ယာအရေအတွက်အား ကန့်သတ်ထားခြင်း မရှိသေးပါ။ 


ပြည်ပမှဆိုလျှင် 

U.S.A မှ ဝယ်ယူနိုင်ပြီး 

Bank Account သို့လည်းကောင်း၊ 

Zelle မှတဆင့်လည်းကောင်း  ငွေလွှဲနိုင်ပါသည်။ 

B59D35E1-FF03-419F-8DC9-45A6487296FB.jpeg

United Bond

အထူးငွေတိုက်စာချုပ်(NUG Bond)များကို 

$100 / $500 / $1,000 / $5,000 သတ်မှတ်ထားပါတယ်။ 

၁) NUG Bond ဝယ်ယူမယ်ဆိုရင်

လတ်တလော U.S.A Bank Account (သို့) Zelle မှသာ သတ်မှတ်ပေးပို့တဲ့အကောင့်ကို ငွေလွှဲပေးရမှာပါ။


(၂) မိမိဝယ်ယူလိုတဲ့ Bond တန်ဖိုးအတိုင်း ငွေလွှဲထားတဲ့မှတ်တမ်းကို Screen Shot ရိုက်ယူထားပါ။ 


(၃) ငွေလွှဲပြီးတဲ့အခါ အောက်တွင်ပါရှိတဲ့ Form မှတဆင့် လိုအပ်တဲ့အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်ပေးပါ။ (မြန်မာဘာသာဖြင့်)ဟု ရေးထားသောနေရာများတွင် မြန်မာဘာသာဖြင့်သာ ဖြည့်ပေးပါ။ 


(၄) ငွေလွှဲထားသောမှတ်တမ်း Screenshotအား Uploadတွဲတင်ပါ။ အထူးသတိပြုရန်မှာ ငွေလွှဲမှတ်တမ်းမပါရှိ/လွဲမှားမှုများရှိနေပါက Bond ဝယ်ယူမှုအောင်မြင်မည် မဟုတ်ပါ။ Summit မလုပ်ခင် မိမိဖြည့်သွင်းထားသောအချက်အလက်များအား သေချာစွာစစ်ဆေးပေးပါ။

(၅) Form ဖြည့်သွင်းပြီး အတည်ပြုချက်ရရှိပြီးသည်နှင့် Bond လက်ခံရရှိချိန် (၂)ပါတ်အနည်းဆုံး ကြာမြင့်နိုင်ပါသည်။ 

288549186_131832092849970_2299351778056604238_n.jpg

NUGPay

NUGPay ကို မြန်မာကျပ် မှ DMMK သို့ Topup ပြုလုပ်ရန် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

358153325_167000899712412_7127711718923993026_n.jpg

Spring Development Bank (SDB)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလဗဟိုဘဏ်ကနေ တရားဝင်လိုင်စင်ရရှိထားတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။
⁃ ဘဏ်အပေါ်ယုံကြည်စိတ်ချစွာနဲ့ ငွေအပ်နှံသူများရဲ့ လုံခြုံရေးကိုအထူးအလေးထားပြီး မိမိတို့ရဲ့ငွေကြေးများကို လုံခြုံစိတ်ချစွာသိမ်းဆည်းလို့ရသလို ငွေကြေးအာမခံချက်ရှိစေဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တည်ထောင်ထားပါတယ်။
⁃ SDB Bank ကို လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၁၀၀%ပိုင်ဆိုင်ပြီး အနာဂတ်အချိန်ကာလမှာ ၄၉%သော ရှယ်ယာတွေကို ပြည်သူလူထုက ဝယ်ယူနိုင်မှာပါ။
⁃ လက်ရှိအချိန်မှာ တရားဝင်လိုင်စင်နဲ့ လည်ပတ်မှာဖြစ်သလို သံတမန်ရေးဆိုင်ရာမိတ်ဖက်နိုင်ငံအချို့မှာလည်း ဘဏ်လုပ်ငန်းလိုင်စင်တွေရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘဏ်များအကြားမှာ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ဖို့ အဓိကလိုအပ်တဲ့ Swift Code ရရှိလာဖို့အတွက်လည်း SDBက ဆောင်ရွက်လျက်ရှိပါတယ်။
⁃ SDB မှာ မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံသားမဟုတ်သူ(နိုင်ငံခြားသား)များပါ လွတ်လပ်စွာ ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
⁃ ဘဏ်နဲ့ဆက်သွယ်ပြီး အကောင့်ဖွင့်ဖို့အပြင် ငွေသွင်း/ငွေထုတ်တွေ၊ ဘဏ်ရဲ့ဝန်ဆောင်မှုတွေ အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် Relationship Manager (RM) တွေကို SDBကနေ ခန့်အပ်ထားရှိပါတယ်။
⁃ လတ်တလော ကနဦးအနေနဲ့ မြန်မာကျပ် ၊ အမေရိကန်ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၊ ထိုင်းဘတ် စတဲ့ ငွေကြေးစနစ်(၄)မျိုးကို ဘဏ်အကောင့်တစ်ခုတည်းမှာ လဲလှယ်အသုံးပြုလို့ရသလို USDT ကိုပါ အသုံးပြုလို့ရမှာပါ။ နောက်ပိုင်းမှာတော့ အခြားနိုင်ငံများရဲ့ ငွေကြေးစနစ်တွေပါ ပါဝင်လာမှာပါ။
⁃ SDB မှာ ဘဏ်လုပ်ငန်းစနစ်ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေစုခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလဲလှယ်ခြင်း၊ ငွေပေးချေခြင်း၊ စာရင်းသေအပ်ငွေအပ်နှံခြင်း တို့အပြင် ရွှေကိုပါ ဝယ်ယူစုဆောင်းနိုင်တဲ့ စနစ်တစ်ခု ပါဝင်ပါတယ်။
⁃ စာရင်းသေအပ်ငွေအမျိုးအစားအတွက် ၁လ ၊ ၃လ ၊ ၆လ နဲ့ ၁နှစ်ဆိုပြီး (၄)မျိုးရွေးချယ်နိုင်ပြီး အပ်ငွေကာလပေါ်မူတည်ပြီး အတိုးနှုန်းတွေလည်း ရှိပါတယ်။
⁃ ရွှေဝယ်ယူစုဆောင်းတဲ့ အမျိုးအစားကတော့ ရွှေဝယ်ယူချင်တဲ့သူက ကိုယ့်ဘဏ်အကောင့်ထဲကနေပြီး အလွယ်တကူပဲ ရွှေတိုကင်(Gold Token) အဖြစ် ဝယ်ယူနိုင်ပြီးတော့ SDBဘက်မှ Digital Gold ကို ဝယ်ယူသူကိုယ်စား ပြန်လည်ဝယ်ယူပြီး စုဆောင်းပေးထားမှာဖြစ်ပါတယ်။ ပြန်ရောင်းချင်တယ်ဆိုရင်လည်း အချိန်မရွေး ဘဏ်ကဝန်ဆောင်မှုပေးထားတဲ့ ငွေကြေးစနစ်တွေနဲ့ အလွယ်တကူ ပြန်ရောင်းနိုင်ပါတယ်။ လတ်တလော ပထမအဆင့်မှာတော့ Digital Gold အဖြစ် စုဆောင်းနိုင်မှာဖြစ်ပြီး ပြင်ပရွှေ(Physical Gold) အဖြစ် ပြန်လည်ထုတ်ယူဖို့အတွက်ကတော့ ကြားကာလဗဟိုဘဏ်က တရားဝင်ညွှန်ကြားချက်တွေ၊ လိုက်နာဖို့လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အချိန်ကျရင် ထပ်မံကြေငြာပေးသွားမှာပါ။ ရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးကွက်ရဲ့ နှုန်းထားအတိုင်းပါပဲ။
⁃ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ဘဏ်လုပ်ငန်းစနစ်ကို ပိုမိုစနစ်တကျနဲ့ ရေရှည်အကောင်အထည်ဖော်သွားမယ့် အစီအစဉ်တွေရှိတာမို့ နောက်ပိုင်းမှာ SDB ရဲ့ Visa / Master Credit Card တွေ ထွက်ရှိလာဖို့ ရှိပါတယ်။
⁃ လက်ရှိ MoPFI ရဲ့ Bondတွေ၊ EOD တွေကိုလည်း ဘဏ်အကောင့်ကနေ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
⁃ လက်ရှိ Wallet Aplication တစ်ခုဖြစ်ပြီး အောင်မြင်နေတဲ့ NUGPay နဲ့လည်း Multi-Currency Digital Bank ဖြစ်တဲ့ SDB တို့အကြား ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ငွေအလွှဲအပြောင်းတွေကို အလွယ်တကူဆောင်ရွက်လာနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ လတ်တလာမှာ မရရှိသေးပေမယ့် နောင်ကျရင် SDB နဲ့ NUGPay ချိတ်ဆက်မှုဖြစ်ပေါ်လာမှာပါ။
⁃ ပထမအဆင့်အနေနဲ့ SDB အသုံးပြုသူတိုင်းရဲ့ ဘဏ်စာရင်းအချင်းချင်း ငွေလွှဲပြောင်းတာတွေ၊ ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုတွေအတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်ပါတယ်။ ငွေကြေးစနစ်တစ်ခုမှ အခြားတစ်ခုကိုပြောင်းလဲခြင်း(Currency Exchange) နဲ့ ရွှေ (Gold Token) ဝယ်ယူရောင်းချခြင်းများအတွက် ၂% ဝန်ဆောင်ခရှိပါတယ်။

Home: Projects

Ko Phyo (CRPH-OFP)

  • Facebook

Thanks for submitting!

Home: Contact

©2022 by Ko Phyo (CRPH-OFP)

bottom of page